(၃၂) ကျင်ငယ်

ဆီးရည်တဲ့။ မြန်မာလူမျိုးတွေ ပြောနေကျ အသုံးအနှုန်းကတော့ ဆီးသွားတယ်။ ရှုးရှုးပေါက်တယ်။ သေးပေါက်တယ်။

အပုပ် အညစ်အကြေးထဲက မလွတ်တဲ့ ခန္ဓာကိုယ်ထဲက နောက်ထပ် စိတ်ပျက်စရာ ပစ္စည်းတစ်ခု။

ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သွေးကသယ်လာတယ်။

အသည်းက ထုတ်ပေးတဲ့ အညစ်အကြေးတွေ အပါအ၀င် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ အညစ်အကြေးတွေ စုပ်ယူပြီး ကျင်ငယ်(ဆီးရည်)နဲ့အတူ ကိုယ်ခန္ဓာအပြင်ဘက်ကို ထုတ်ပစ်နေတယ်တဲ့။

ဒီတာဝန်ကို ကျောက်ကပ်နှစ်ခုက တာဝန်ယူဆောင်ရွက်နေတာတဲ့။

ဒီကျင်ငယ်(ဆီးရည်)ဟာ အပြင်မရောက်ခင် ခန္ဓာကိုယ်ထဲက ဆီးအိမ်စည်ဖေါင်းထဲမှာ တည်ရှိနေတာတဲ့။

အကြောင်းကြောင်း ကြောင့် ဆီးမသွားဖြစ်ရင် မိမိခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ ရှိနေမယ်ဆိုတာ တွေးကြည့်ရင် ရွံစရာကြီး

အပုပ်ကောင် ရုပ်ဆောင်ဆိုတဲ့စကား

တရားရှာ ကိုယ်မှာတွေ့ဆိုတဲ့ စကားတွေဟာ တရား အားထုတ်သူတွေအတွက် မိမိခန္ဓာကိုယ်ကို မိမိစွဲလမ်း ငြိတွယ်နေမှာစိုးလို့ ခန္ဓာကိုယ်အကြောင်း သိစေချင်တာပဲ ဖြစ်မယ်။

လူလို့ သတ်မှတ်ထားခြင်းခံရတဲ့ လူသားတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပစ္စည်း ၃၂ခု ပါတယ်။

ဒီပစ္စည်းတွေကို အားမနာတမ်း သုံးသပ်ဝေဖန်ရရင် အားလုံးဟာ အညစ်အကြေးတွေပဲ။

ပုပ်ပွ ပျက်စီးဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေတယ်။

ခန္ဓာကိုယ်သန်စွမ်း ကျန်းမာဖို့ဆိုပြီး အစာတွေ ကျွေးနေတာဟာ

အညစ်အကြေးတွေ၊ အပုပ်တွေဖြစ်လာဖို့

အစာကျွေးနေတာများလားလို့ သိကြည့်တယ်။

ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ အချင်းချင်း မသိကြဘူးဆိုတဲ့အချက်က စိတ်ဝင်စားစရာ ကောင်းသလို၊ အန္တရာယ် တစ်ခုခုကို အချိန်မရွေး ပေးနိုင်တယ်ဆိုတာကိုလည်း သိကြည့်လို့ရတယ်။

တကယ်လို့များ ဆီးမသွားဘူး၊ အီးမပါဘူး၊

နှပ်မထွက်ဘူး၊ ချွေးမထွက်ဘူး၊

ပါးစပ်ကို မဆေးဘူး၊ ရေမချိုးဘူး ဆိုရင်

ဘာတွေဖြစ်ကုန်မလဲ?

မိမိခန္ဓာကိုယ်ဟာ ရွံစရာကောင်းလာတယ်။

စိတ်ပျက်စရာ ကောင်းလာတယ်လို့ သိကြည့်လို့ ရလာတယ်။

တရားခံကတော့ ခန္ဓာကိုယ်ရှိလို့သာ

ဒီလိုစိတ်ပျက်စရာကောင်းတဲ့ ပစ္စည်းတွေ ရှိခွင့်ရလာတာပဲ။