စိတ်တစ်မျိုးတည်းရဲ့ သဘောအဓိပ္ပာယ်ကတော့
အာရုံကို သိတတ်တဲ့သဘောတစ်ခုပဲ ရှိတယ်။
သိတယ်ဆိုတဲ့နေရာမှာလည်း ဉာဏ်ပညာနဲ့သိတဲ့ အသိမျိုးမဟုတ်ဘူး။
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်နဲ့ ပတ်သက်တဲ့ အာရုံခြောက်မျိုးရဲ့
အသိခြောက်မျိုး။
အာရုံတွေကို ရအောင်ယူနိုင်တဲ့အသိ။
မြင်သမျှ၊ ကြားသမျှ အာရုံတွေကို ကောင်းတယ်၊ မကောင်းဘူး ဆိုတာကိုတော့ ခွဲခြားပြီး မသိဘူး။
ပုံသဏ္ဌာန် အကောင်အထည်အနေနဲ့လည်း မရှိတော့
စိတ် ဆို တာ ကို ဘယ် သူ မှ မ မြင် ဖူး ဘူး။
ဒါပေမယ့်
စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ အသိဉာဏ်ပညာနဲ့ ကြည့်ရင်တော့
စိတ်ရဲ့သဘာဝ၊ စိတ်ရဲ့အလျဉ်၊ စိတ်ရဲ့အဖြစ်အပျက်တွေကို ကိုယ်တိုင် လက်တွေ့သိကြည့်လို့ ရတယ်။
သိကြည့်လို့ရတယ်ဆိုတာ စိတ်တစ်ခုတည်းတင် မကဘူး။
စိတ်ကိုမှီပြီး ခြယ်လှယ်နေတဲ့ စေတသိက်အားလုံးကိုပါ သိကြည့်လို့ရတာကို ဆိုလိုတာ။