မျက်စိအမြင်နဲ့ ပတ်သက်ပြီး မြင်ခြင်းကိစ္စ၊

နားနဲ့ပတ်သက်ပြီး ကြားသိတဲ့အသံကိစ္စ၊

နှာခေါင်းကသာ သိနိုင်တဲ့အနံ့ကိစ္စ၊

လျှာကတစ်ဆင့် အရသာမှန်း သိတဲ့ကိစ္စ၊

ခန္ဓာကိုယ်နဲ့ ထိတွေ့သမျှ အထိအတွေ့ကိစ္စ၊

တွေးတောကြံစည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အတွေးကိစ္စတွေနဲ့

ပတ်သက်ပြီး

ဘယ်လိုအာရုံတွေပဲပေါ်ပေါ်

ခံစားလိုက်တဲ့စိတ်၊

မှတ်သားလိုက်တဲ့စိတ်၊

သိရုံသိလိုက်တဲ့စိတ်၊

လှုံ့ဆော်တိုက်တွန်းတဲ့စိတ်၊

ဒီစိတ်လေးခုဟာ မြင်ခြင်းကိစ္စ၊ ကြားခြင်းကိစ္စ၊

အထိအတွေ့ကိစ္စ စတဲ့ ဖြစ်ပေါ်လာတဲ့နေရာ

တစ်နေရာတည်းကို စုပြုံရောက်လာပြီး စိတ်တစ်ခုချင်းစီ

တစ်လှည့်စီ

တစ်ခုပြီး တစ်ခု ဆက်တိုက် လှုပ်ရှားကြတာ။

လှုပ်ရှားတဲ့နေရာမှာ ဘယ်စိတ်မှ နောက်မှာ မကျန်ခဲ့စေရဘူး။

ခန္ဓာကိုယ်နဲ့တွဲပြီး အလုပ်လုပ်တဲ့နေရာမှာလည်း အလွန်လျင်မြန်တဲ့ စိတ်အလျဉ်တွေ ပါနေတယ်။

ဒါဟာ အံ့သြစရာကောင်းလွန်းတဲ့ ခန္ဓာကိုယ်နဲ့

စိတ်ရဲ့ဆက်နွယ်မှုတွေပဲ။

စာပေထဲကရတဲ့အသိရယ်၊ နားထောင်လို့ သိရတဲ့ အသိတွေပေါ်မှာ

အခြေခံပြီး

ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိကြည့်တဲ့အခါမှာတော့

အံ့သြစရာကောင်းတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ထက်

ပိုပြီးအံ့သြစရာကောင်းနေတဲ့

ခန္ဓာကိုယ်နဲ့ စိတ်အကြောင်းကို ထပ်တွေ့လိမ့်မယ်။