အတွေးနဲ့ ပတ်သက်ပြီး
သဘာဝအရ ဖြစ်နေတဲ့ စိတ်အလျဉ်သဘောကို မသိဘဲ
ငါဆိုတဲ့ ခေါင်းစဉ်နဲ့
ဝင်လာသမျှစိတ်တွေကို ဘယ်သူပဲ ဘယ်ဝါပဲလို့
သတ်မှတ်ပြီး စိတ်တိုင်းကျ
ကိုယ့်သဘောနဲ့ကိုယ် ပတ်သက်နေကြတာဟာ
အကြီးကျယ်ဆုံး မဟာအမှားပဲ။
ဒါကို လူတိုင်းလိုလို မသိနိုင်ဘူး ဖြစ်နေတယ်။
သတိမရှိလို့ အတွေးအာရုံက တွေးခွင့်ရတဲ့အဆင့် ရောက်သွားပြီး အတားအဆီးမရှိ၊ အထိန်းအကွပ် မရှိတော့ဘဲ တွေးချင်သလို တွေးနေတော့တာ။
အတွေးထဲမှာ မျောပါနေတာ သတိမရှိတဲ့ အတွေးစိတ်ပဲ။
ဒီအတွေးထဲမှာ ငါဆိုတာ မပါဘူး။
ငါတွေးနေတာ မဟုတ်ဘူး။
သတိလွတ်နေလို့ တွေးတတ်တဲ့
စိတ်သဘောက တွေးတာ။
အတွေးစိတ်က တွေးတာ။ အတွေးဆိုတာ အာရုံတစ်ခုပဲ။
ငါမဟုတ်ဘူး။
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့
ဒီခြောက်ခုဟာ သူတို့အလုပ်သူတို့ လုပ်နေကြတာ။
ဒီခြောက်ခုထဲမှာ ငါဆိုတာ ပါကို မပါဘူး။
၃၂ကောဋ္ဌာသထဲမှာလည်း ငါဆိုတာ မပါဘူး။
သေသေချာချာ လေးလေးနက်နက် ထဲထဲဝင်ဝင် သိကြည့်ပါ။