(၆) မှားယွင်းစွာ သိမြင်ခြင်းသဘော ဒိဋ္ဌိ စေတသိက်

မရှိတာကို ရှိတယ်လို့ အယူမှားနေတာ၊

ရှိတာကိုလည်း မရှိဘူးလို့ အယူမှားတယ်။

လူ့ဘ၀ထဲကို လူအဖြစ်နဲ့စပြီး ရောက်လာတည်းက မိမိခန္ဓာကိုယ်ရော၊ စိတ်တွေရော၊ သူ့သဘာဝအတိုင်း သူ့အလုပ်သူ လုပ်ရင်း တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆက်တိုက် ပျက်စီး ပြောင်းရွှေ့နေတဲ့သဘာဝကို သိအောင် မကြိုးစားဘဲ

ငါ့ဟာ ငါ့ဟာ ငါ့ဟာ ငါ့ဟာ နဲ့ဖြစ်နေတာ ဒိဋ္ဌိစိတ်။

အမှားကို အမှန်လို့ လက်ခံယုံကြည်ပြီး အမှတ်မှားစွာ သိမြင်နေခဲ့တာကို မပြုပြင်ဘဲ အမှားကို လက်ခံထားတာ ဒိဋ္ဌိစိတ်နဲ့ အသက်ရှင်နေတာပဲ။

လက်ခံယုံကြည်ထားတဲ့အမှားကို အမှားမှန်းသိပြီး မှားယွင်းစွာ လက်ခံထားခဲ့တဲ့ စိတ်အယူအဆကို ပြင်လိုက်ရမှာ။
ပြင်ဖို့ဆိုတာကလည်း

အမှားကို အမှန်လို့လက်ခံထားတာကြီးက တစ်ဘ၀လုံး ဖြစ်နေခဲ့တာဆိုတော့ ပြန်ပြင်တဲ့နေရာမှာ အခက်အခဲ ရှိနိုင်တယ်။

ဒါပေမယ့် ပျက်အစဉ် ပြင်ခဏပါ။ ပြင်ချင်စိတ်ရှိဖို့ပဲ လိုတယ်။

ပြင်ချင်ရင်တော့ မိမိစိတ်အသိထဲမှာ လက်ခံစွဲကိုင်ထားတဲ့ အသိက

မှန်နေလား? မှားနေလား? ဆိုတာကို တိတိကျကျ ကွဲကွဲပြားပြား ခွဲခြားပြီး သိဖို့လိုတယ်။

ဘေးကပြောတာတွေ နားထောင်တတ်တဲ့ အသိဉာဏ်နည်းသူဆိုရင်တော့ မိမိမှန်နေတာတွေ မှားသွားတာမျိုး ရှိတတ်တယ်။

အဓိကအကျဆုံးက

အမှန်တရားကို မှားတယ်လို့ အမှတ်မှားနေတာမျိုး မဖြစ်ဖို့ပဲ။