(၁၂) သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင် ရည်ရွယ်ပြီး လိမ်လည်လှည့်ဖြား မုသားစကားပြောဆိုခြင်း၊

သူတစ်ပါးအကျိုးစီးပွား ယုတ်လျော့အောင် ရည်ရွယ်ပြီး ကုန်းတိုက်စကားပြောဆိုခြင်း၊

ရုန့်ရင်း ကြမ်းတမ်းတဲ့စကားတွေကို အော်ဟစ် ဆဲဆိုပြောဆိုခြင်း၊

အကျိုးမရှိဘဲ သိမ်ဖျင်းပြီး မမှန်တဲ့စကားတွေကို အချိန်ကုန်ခံ၊ ဝေးလေးဝါးလား ပြောဆိုခြင်း၊

ဒါဟာ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဆက်နွယ်မှုမရှိတဲ့ ၀စီဒုစရိုက်လေးခုကို ရှောင်ကြဉ်ခြင်းသဘော

သမ္မာဝါစာ စေတသိက်

(၁၃) သူတစ်ပါးအသက်ကို သေစေလိုတဲ့စိတ်နဲ့ ရည်ရွယ်ပြီး သတ်ဖြတ်ခြင်း၊

သူတစ်ပါးမပေးတဲ့ပစ္စည်းကို လိုချင်တဲ့စိတ်နဲ့ ရအောင်ခိုးယူခြင်း၊

အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့သူ၊ အိပ်ယာရှိသော သူတစ်ပါးသားမယားကို အလိုမတူ ကိုယ်ထိလက်ရောက်

စော်ကားကျူးလွန် ပြစ်မှားခြင်း၊ ဒါဟာ…

အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဆက်နွယ်မှုမရှိတဲ့ ကာယဒုစရိုက်သုံးခုကို ရှောင်ကြဉ်ခြင်းသဘော

သမ္မာကမ္မန္တ စေတသိက်

(၁၄) အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တဲ့နေရာမှာ ကာယဒုစရိုက်သုံးခုနဲ့ ၀စီဒုစရိုက်လေးခုကို ရှောင်ကြဉ်ခြင်းသဘော သမ္မာအာဇီဝ စေတသိက်

မှတ်ချက် - လိမ်လှည်လှည့်ဖြား မုသားစကားပြောဆိုရမယ့် အနေအထား ကြုံလာရင်လည်း အသက်နဲ့လဲပြီး မပြောဖြစ်အောင် ရှောင်ကြဉ်လိုက်ခြင်းဟာ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ မပတ်သက်ရင် သမ္မာဝါစာ၊

အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ သက်ဆိုင်နေရင် သမ္မာအာဇီဝ။

သူတစ်ပါးအသက် သတ်ရမယ့်အချိန်၊ သူတစ်ပါးပစ္စည်း ခိုးဖို့ကြုံလာတဲ့အချိန်၊

သူတစ်ပါးသားမယားကို ပြစ်မှားကျူးလွန်တော့မယ့်အချိန်တွေနဲ့ ကြုံလာရင်လည်း အသက်နဲ့လဲပြီး မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်ခြင်းဟာ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့မပတ်သက်ရင် သမ္မာကမ္မန္တ၊

အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ သက်ဆိုင်ရင် သမ္မာအာဇီဝ။

ဒီစည်းကမ်းချက်တွေနဲ့ အညီ မိမိစိတ်ကို ပူးကပ်ခြယ်လှယ်နေတဲ့ စေတသိက်တွေကို

မိမိတည်ဆောက်နိုင်သလား?

စေတသိက်တွေရဲ့ ခြယ်လှယ်ခြင်းကို အရှုံးပေးလိုက်ရသလား?

မိမိစိတ်ကို မှီပြီး ကောင်းအောင်ခြယ်လှယ်တဲ့ စေတသိက် ၁၄ခုနဲ့ ပတ်သက်ပြီး မိမိစိတ်ကို အမြဲတမ်း စစ်ဆေးကြည့်ပါ။

Next Chapter »