(၉) ၀ိစာရ

အာရုံတစ်ခုကို အထပ်ထပ် အခါခါ သုံးသပ်ခြင်းသဘော ၀ိစာရ စေတသိက်

ဝိစာရ ဆိုတဲ့ စေတသိက်ကတော့ ကြံစည် စဉ်းစားနေတဲ့

ဝိတက်အစွမ်းကြောင့် ရောက်ရှိနေတဲ့ အာရုံကို မလွတ်တမ်း ထပ်ကာ ထပ်ကာ အာရုံပြုတဲ့သဘော ရှိတယ်တဲ့။

အဲဒါကြောင့် မိမိရွေးချယ်တဲ့ ကြံစည်မှုက မှန်ဖို့လိုတယ်။

မှန်ရင် အာရုံကို မလွတ်တမ်း ထပ်ကာ ထပ်ကာ သုံးသပ်တဲ့

ဝိစာရရဲ့ အစွမ်းကြောင့် ကြံစည်မှုက အားကောင်းလာမယ်။ ၀ိစာရကို

ထိုက်ထိုက်တန်တန် အသုံးချနိုင်ရင် ၀ိစာရရဲ့ ထပ်ကာ ထပ်ကာ သုံးသပ်တဲ့ စိတ်အစွမ်းကြောင့်

မိမိတည်ဆောက်နေတဲ့ စိတ်အသိကို အားကောင်းလာစေမှာပဲ။

(၁၀) အဓိမောက္ခ

ဆုံးဖြတ်ခြင်းသဘော အဓိမောက္ခ စေတသိက်၊

တစ်ခုခုကို လုပ်ချင်၊ ကိုင်ချင်၊ ပြောချင် ဖြစ်နေတဲ့အခါမှာ အာရုံတစ်ခုခုကို မှန်လား၊ မှားလား ဝေဖန်ဆင်ခြင် သုံးသပ်နေတဲ့အခါမှာ

နောက်ဆုံး ဆုံးဖြတ်ချက် ချခြင်းသဘော။

ကောင်းတဲ့အလုပ်ကိုပဲ လုပ်လုပ်၊ မကောင်းတဲ့အလုပ်ကိုပဲ လုပ်လုပ်၊

ဒီလိုပဲ ဖြစ်စေရမယ်လို့ ဆုံးဖြတ်မှသာ အကောင်အထည်ဖော် လုပ်ဖြစ်သွားတဲ့သဘော၊

အကုသိုလ် ဒုစရိုက်အလုပ်ပဲ ဖြစ်ဖြစ်၊ ဒါနသီလ ကောင်းမှုကို လုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ်

ဒီအဓိမောက္ခရဲ့ သဘော ဆုံးဖြတ်လိုက်မှသာ အထမြောက်သွားတဲ့သဘော

သူတစ်ပါးက လိမ်တာကို ယုံမိတာကတော့ အဓိမောက္ခရဲ့ ဆုံးဖြတ်ချက်အမှား