(၈) ၀ိတက်

ကြံစည်တဲ့သဘော၊ စိတ်ကူးခြင်း၊ စဉ်းစားခြင်းသဘောတွေဟာ ၀ိတက် စေတသိက်ပဲ။

ဒီဝိတက် စေတသိက်ဟာ ကောင်းတဲ့ကုသိုလ်စိတ်မှာရော၊ မကောင်းတဲ့အကုသိုလ်စိတ်မှာပါ စိတ်နှစ်မျိုးလုံးမှာ ၀င်ရောက် ခြယ်လှယ်တဲ့ စေတသိက်အမျိုးအစားပဲ။

(၁) ကာမဂုဏ်အာရုံဖြစ်တဲ့ ပစ္စည်းခြောက်ခုနဲ့ ပတ်သက်ပြီး လိုလိုချင်ချင် ခံစားနိုင်ဖို့ ကြံစည်စိတ်ကူး စဉ်းစားနေတာဟာ လောဘစိတ် တွဲပြီးပါနေလို့ ကာမ၀ိတက် စေတသိက်တဲ့။

(၂) သူတစ်ပါးတွေကို ပျက်စီးစေချင်တဲ့ စိတ်နဲ့ စဉ်းစားနေတာမျိုး၊ သူတစ်ပါးတွေထဲက မကျေနပ်တဲ့သူကို သေသွားရင် ကောင်းမယ်လို့ သေစေချင်တဲ့ စိတ်နဲ့ ကြံစည်နေတာမျိုးဟာ ဒေါသစိတ်ပါနေလို့ ဗျာပါဒ ၀ိတက် စေတသိက်တဲ့။

(၃) သူတစ်ပါးကို ညှင်းဆဲ နှိပ်စက်ချင်လို့ ကြံစည်နေတာမျိုး၊ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ချင်တဲ့စိတ်နဲ့ စဉ်းစားနေတာဟာ ဒေါသစိတ်ပါနေလို့ ၀ိဟိ`ံသ၀ိတက် စေတသိက်တဲ့။

မိမိရဲ့စိတ်ထဲမှာ မကောင်းတဲ့အကုသိုလ်စိတ်(၁,၂,၃) ၀ိတက်သုံးခု ပေါ်နေတယ်ဆိုရင် မိမိဟာ မှားယွင်းစွာ ဖောက်ပြန်နေတဲ့ စိတ်ဝင်ရောက်နေတာကို မဖယ်ထုတ်နိုင်ခဲ့လို့ပဲ။

(၄) တဏှာ လောဘစိတ်တွေ မရှိအောင်၊ ကိလေသာစိတ်တွေ မရှိအောင်၊ ကာမဂုဏ်အာရုံတွေကို လိုလားနေတဲ့စိတ်တွေ မရှိအောင်၊ အကုသိုလ်စိတ်တွေ မရှိအောင်၊ ဖယ်ရှားတဲ့စိတ်လေ့ကျင့်ခန်း လုပ်ဖို့ ကြံစည် စိတ်ကူး စဉ်းစားနေတာဟာ နေက္ခမ္မ၀ိတက် စေတသိက်တဲ့။

(၅) သူတစ်ပါးချမ်းသာစေချင်လို့ ချမ်းသာအောင် အကြံပေး ကူညီပြုလုပ်ပေးဖို့ ကြံစည်စိတ်ကူး စဉ်းစားနေတာဟာ အဗျာပါဒ ၀ိတက် စေတသိက်တဲ့။

(၆) ဒုက္ခိတ သတ္တ၀ါတွေကို ဒုက္ခကလွတ်အောင် ကူညီဖို့ ကြံစည်စိတ်ကူး စဉ်းစားနေတာဟာ ကရုဏာ စိတ်တွေပါနေလို့ အ၀ိဟိ`ံသာ ၀ိတက် စေတသိက်။