(၅) ဧကဂ္ဂတာ

တည်ငြိမ်ခြင်း၊ ငြိမ်သက်ခြင်းသဘော၊

အာရုံတစ်ခုတည်းအပေါ်မှာ တည်တံ့နေတဲ့ တည်ကြည် ငြိမ်သက်နေတဲ့ အဓိပ္ပာယ်လို့ ဖော်ပြသလို

သမာဓိ လို့လည်း အဓိပ္ပာယ်ရှိကြောင်း ဖော်ပြကြတယ်။

စိတ်ကို တည်ငြိမ်အောင် တည်ဆောက်နိုင်ဖို့အတွက် သမာဓိရဲ့ စိတ်အစွမ်းဟာ အာရုံကိုယူတဲ့နေရာမှာ အချိန် အတိုင်းအတာ တစ်ခုထိ ထပ်ကာထပ်ကာ ယူနိုင်တယ်တဲ့။ သမာဓိ မှာလည်း နှစ်မျိုးရှိနေတယ်။

(၁) မိမိသတ်မှတ်ထားတဲ့ အာရုံတစ်ခုတည်းအပေါ်မှာ ဆက်တိုက်စူးစိုက် တည်ငြိမ်နေတဲ့သမာဓိ၊ ဒီသမာဓိက အာရုံ တစ်ခုတည်းမှာ စူးစိုက်နေတာကလွဲပြီး လုံးဝမပြောင်းရွှေ့ရဆိုတဲ့ စည်းကမ်းရှိတယ်။

(၂) မိမိစောင့်ကြည့်သိမှတ်နေတဲ့ အသိရဲ့တစ်ခုပြီး တစ်ခု ပြောင်းရွှေ့ ချုပ်ပျောက်နေတာကို ဆက်တိုက်သိနိုင်အောင် သိနေတဲ့ အသိပေါ်မှာ စူးစိုက်ငြိမ်သက်နေတဲ့ သမာဓိ၊

ဒုတိယသမာဓိက အသိရဲ့ အဆင့်ဆင့် ပြောင်းရွှေ့မှုတွေကို ဆက်တိုက်လိုက်သိပေးနေရတော့ အသိကို စူးစိုက် ပေးနေရတဲ့နည်းကို အသုံးပြုတယ်။

ဒါပေမယ့် စူးစိုက်မှုအာရုံလမ်းကြောင်းလွဲပြီး မကောင်းတဲ့ဘက်ကို ရောက်သွားရင်တော့ စွဲမိစွဲရာ အာရုံအမှားကို စွဲလမ်းတတ်တာကိုတော့ သတိထားဖို့လိုမယ်။

(၆) ဇီဝိတိနြေ္ဒ

စိတ်နဲ့ စေတသိက်ကို နာမ်တရားလို့ ခေါ်ခြင်းကြောင့် နာမ်တရားတို့ရဲ့ အသက်ဟာ ဇီဝိတိနြေ္ဒ တဲ့။

ဖြစ်ပေါ်သမျှ စေတသိက်အားလုံးမှာ အသက်ဆိုတဲ့ စိတ်အရှင်တွေပါနေလို့ အာရုံတွေကို သိနိုင်တာတဲ့။

ပစ္စည်းခြောက်ခုကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံခြောက်ခုဟာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ရှင်သန်နေကြသလို ခံစားတဲ့စိတ်၊ မှတ်သားတဲ့စိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တဲ့စိတ်၊ သတိထားတဲ့စိတ်၊ ကြံစည်တဲ့စိတ်၊ ငြိမ်ဝပ်တဲ့စိတ်၊ ထကြွတဲ့စိတ်၊ စိတ်ချင်း ထိတွေ့တဲ့စိတ်၊ တည်ကြည် ငြိမ်သက်တဲ့စိတ်၊ နှလုံးသွင်းတဲ့စိတ် စတဲ့ စေတသိက်တွေဟာ အသေမဟုတ်တဲ့ စိတ်အရှင်တွေ ဖြစ်တယ်တဲ့။

စိတ်မှာ စိတ်အသက်ပါသလို ရုပ်ခန္ဓာကိုယ်မှာလည်း ရုပ်အသက် ပါနေတယ်တဲ့။ စိတ်စေတသိက်တွေရဲ့ သဘာဝအရ ရှင်သန် လှုပ်ရှားနေမှုတွေနဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေရဲ့ သဘာဝအရ ရှင်သန်လှုပ်ရှားနေတာတွေ၊

ရပ်ဆိုင်းသွားတဲ့အခါမှာ လူတစ်ယောက်ရဲ့ သေဆုံးသွားခြင်း အဓိပ္ပာယ်ကို ဖြစ်ပေါ်သွားစေတယ်တဲ့။

အဲဒီအသက်ဆိုတဲ့ သဘောတွေက တစ်ခုပြီးတစ်ခု အဆက်မပြတ် ရှင်သန်လှုပ်ရှားနေခြင်းဟာ ကံအရှိန်ရှိသလောက် ရှင်သန်ခွင့် ရနေကြရတာတဲ့။

(၇) မနသိကာရ

စိတ်နှလုံးအတွင်းထဲကို အာရုံတစ်ခုခုပေါ်အောင် သွင်းပေးတဲ့နေရာမှာ စနစ်တကျ အမှန်အတိုင်း ပြုလုပ်ပေးတဲ့ နှလုံးသွင်းခြင်းသဘော မနသိကာရ စေတသိက်တဲ့။

စိတ်ထဲကို ၀င်လာတဲ့ အာရုံတွေနဲ့ ပတ်သက်ပြီး မိမိစိတ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားလဲ?

ဘယ်လို တုံ့ပြန်မှုတွေ ဖြစ်သွားလဲဆိုတဲ့နေရာမှာ မှန်ကန်တဲ့ နှလုံးသွင်းမှု ဖြစ်ရဲ့လား?

ရုပ်ခန္ဓာကိုယ်နဲ့ စိတ်စေတသိက်တွေရဲ့ သဘာဝတွေဟာ မတည်မြဲဘူး။ အမြဲမပြတ်ပြောင်းရွှေ့နေတယ်။

မိမိပိုင်ဆိုင်တာ ဘာမှမရှိဘူး။ ဒါတွေဟာ ဒုက္ခအစစ်တွေပဲလို့ မှန်ကန်စွာ နှလုံးသွင်းနိုင်လား?

နှစ်သက်စရာ အာရုံကိုတွေ့ရင် လောဘစိတ်မဖြစ်အောင်၊ မုန်းတီးစရာအာရုံကို တွေ့ရင် ဒေါသမဖြစ်အောင် နှလုံးသွင်းနိုင်ရဲ့လား?

ရုပ်ခန္ဓာကိုယ်နဲ့ စိတ်စေတသိက်တွေရဲ့ သဘာဝတွေကို သိပြီး သူတို့နဲ့ပတ်သက်တဲ့ အာရုံမှန်သမျှ ဘာအာရုံပဲပေါ်ပေါ် လက်ခံပြီး ခံစားလို့ မရမှန်းသိပြီး လက်မခံဖြစ်အောင် မှန်ကန်စွာ နှလုံးသွင်းနိုင်ရဲ့လား?

မနသိကာရ စေတသိက်နဲ့ ပတ်သက်ပြီး နှလုံးသွင်းမှန်မှ

သိကျင့်နေတဲ့ အသိရဲ့လမ်းကြောင်းလည်း မှန်မှာတဲ့။