(၂) ဝေဒနာ

အာရုံအရသာကို ခံစားတဲ့သဘော၊

ကောင်းတဲ့အာရုံရော၊ မကောင်းတဲ့အာရုံရော နှစ်မျိုးလုံးရဲ့ အရသာကို ခံစားတာ၊

ဒုက္ခက လွတ်မြောက်စေတဲ့ တရားအရသာကို ခံစားတာ၊

ကာမဂုဏ်အာရုံ အရသာကို ခံစားတာ၊

(သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာ)

ခံစားမှုဝေဒနာ ငါးမျိုး။

ကောင်းတဲ့တရားအရသာကို ခံစားတာနဲ့ အာရုံခြောက်မျိုးထဲက မိမိလိုချင်နှစ်သက်ပြီး

ကောင်းတဲ့အရသာကို ခံစားတာက သုခဝေဒနာ၊

ကုသိုလ်ကောင်းမှုအရသာကို မတည်ဆောက်နိုင်တဲ့ ဒုက္ခနဲ့ အာရုံခြောက်မျိုးထဲက မလိုလားတဲ့

မကောင်းတဲ့ အရသာကို ခံစားနေရတာက ဒုက္ခဝေဒနာ၊

ကောင်းတဲ့တရားအသိ အာရုံကိုခံစားပြီး ၀မ်းမြောက်ဝမ်းသာဖြစ်တာနဲ့ ကာမဂုဏ်အာရုံ

အရသာတွေ ခံစားပြီး နှစ်သက်ကျေနပ်တာက သောမနဿဝေဒနာ၊

ကောင်းတဲ့အာရုံရော၊ မကောင်းတဲ့အာရုံမှာပါ အရသာခံစားပြီး စိတ်ဆင်းရဲ ဒုက္ခဖြစ်စေတဲ့

ခံစားမှုက ဒေါမနဿဝေဒနာ၊

သွားရင်းလာရင်း မိမိကိုယ်တိုင် အာရုံတွေရဲ့ အရသာကို ခံစားနေရမှန်း မသိနိုင်တဲ့ အနေအထားမျိုး

ဖြစ်နေတာဟာ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်း မဟုတ်တဲ့ခံစားမှု၊ ထင်ထင်ရှားရှား

မဖြစ်တဲ့ ဥပေက္ခာဝေဒနာ၊

ဒါတွေက ဝေဒနာရဲ့ သီအိုရီ ငါးခု။

ခန္ဓာကိုယ်ရရှိထားတဲ့ လူသားတွေအတွက် အကြီးအကျယ်ဆုံး အန္တရာယ်ကတော့ ဝေဒနာကနေ တစ်ဆင့် တက်သွားတဲ့ တဏှာ လောဘလို့ တရားတော်တွေမှာ သတိပေး ဟောကြားထားတာ ရှိပါတယ်။

ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ ဖော်ပြထားတာကတော့

အတိတ်အကြောင်းအလွှာနဲ့ ပစ္စုပ္ပန်အကျိုးအလွှာကြားမှာ အစပ်တစ်ခု၊

ပစ္စုပ္ပန်အကျိုးအလွှာနဲ့ ပစ္စုပ္ပန်အကြောင်းအလွှာကြားမှာ အစပ်တစ်ခု၊

ပစ္စုပ္ပန်အကြောင်းအလွှာနဲ့ အနာဂတ်အကျိုးအလွှာကြားမှာ အစပ်တစ်ခု၊

ဒီအစပ်သုံးခုထဲက

ပစ္စုပ္ပန်အကျိုးအလွှာနဲ့ ပစ္စုပ္ပန်အကြောင်းအလွှာကြားက ဝေဒနာကြောင့် တဏှာဖြစ်တယ်ဆိုတဲ့

အစပ်ကိုဖြတ်မှသာ လည်နေတဲ့ ဘ၀သံသရာထဲက လွတ်မြောက်နိုင်မယ်တဲ့။

ဘ၀ပြတ်ကြောင်း တရားအားထုတ်နေသူတွေ အားလုံးဟာလည်း ဒီခံစားမှုကို အဓိကထားပြီး ဖြတ်တောက်နေကြရတယ်။

သိမှတ်နိုင်နေတဲ့အသိ သိရုံလေး သိပေးနေရတဲ့အသိကလွဲရင် မိမိသတ်မှတ်နေတဲ့ အသိကိုတောင် ကျေနပ် ခံစားခွင့် မရှိစေရဘူးတဲ့။