ရှိခြင်းသဘောဆိုတာ သဘာဝထဲမှာ ရှိခြင်းသဘောအနေနဲ့ ရှိနေတာတွေ ရှိတယ်။

အနိစ္စသဘော ဆိုတာ ရှိနေတယ်။

ဒုက္ခသဘော ဆိုတာ ရှိနေတယ်။

အနတ္တသဘော ဆိုတာ ရှိနေတယ်။

ဓာတ်ကြီးလေးပါး ဆိုတာ ရှိနေတယ်။

အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ သဘောတွေ ရှိနေတယ်။

အရာရာဟာ အဆက်မပြတ် ပြောင်းရွှေ့နေတဲ့ သဘောတွေ ရှိနေတယ်။

ဒါပေမယ့်

ရှိခြင်းသဘောကို သိကြည့်နေတဲ့ အချိန်မှာပဲ ရှိခြင်းသဘောတွေဟာ မရှိခြင်းအဖြစ်ကို ချက်ချင်း ပြောင်းရွှေ့သွားတယ်။

အနိစ္စဆိုတဲ့ သဘောအရ ရှိခြင်းဆိုတဲ့အရာတွေဟာ ရှိတော့ရှိပေမယ့် မတည်မြဲတဲ့သဘောအရ ပြောင်းရွှေ့နေတယ်။

ဒုက္ခဆိုတာတွေ ရှိပေမယ့် တစ်ချိန်လုံး တစ်သမတ်တည်း ဒုက္ခရောက်နေတာမျိုးမဟုတ်ဘဲ ဒုက္ခဖြစ်နေတဲ့ အချိန် ခဏလေး အတွင်းမှာ ဒုက္ခဖြစ်မှု အရှိန်အတက်အကျတွေနဲ့ ပြောင်းရွှေ့နေတယ်။

အိုခြင်းဆိုတာလည်း မွေးလာတည်းက ရပ်တန့်မှုမရှိဘဲ ရှင်ခြင်းတွေ အဆက်မပြတ် ရှိပေးရင်းနဲ့ အိုမင်း ရင့်ရော်မှုဆီ ပြောင်းရွှေ့လာတယ်။

နာခြင်းမှာလည်း နာခြင်းရဲ့ အစ၊ အလယ်၊ အဆုံး ပြောင်းရွှေ့နေတယ်။