သွက်လက်ချက်ချာသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သွတ်သွင်းသောစိတ်
- မသေခင် တဏှာကင်းသောသူမှ ငြိမ်းအေးသောသူလို့ သတ်မှတ်ကြောင်း သိထားလို့ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ အားလုံး ငြိမ်းအေးမှုကို ရရှိအောင် တရားပြတဲ့သူရှေ့ကို ဇွတ်ပို့ပေးတဲ့စိတ်။
သွန်သင်ပေးတတ်သောစိတ်
- နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် ကလေးတွေကို သိသင့်၊ တတ်သင့်တဲ့ ပညာမှန်သမျှ အကုန်လုံးကို တတ်အောင် သင်ထားပေးမှ ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးအရွယ်ကစပြီး ပြုစုပျိုးထောင် ဆုံးမသွန်သင်ပေးတဲ့ စိတ်ဟာ အမြော်အမြင်ကြီးတဲ့စိတ်ပဲ။
သွယ်ပျောင်းသောစိတ်
- ပမာဏ အရွယ်အစားအနေနဲ့ဆိုရင် သေးငယ်တယ်။ ပါးလွှာတယ်။ စိတ်အနေအထားအရဆိုရင် အလွယ်တကူ ကွေးညွတ်တယ်။ ဆိုတော့ အတွေးအမြင် ကျဉ်းမြောင်း ပျော့ပျောင်းတဲ့ စိတ်အနေအထား။
သွယ်ဝိုက်နေသောစိတ်
- တည့်တည့်မတ်မတ်၊ တိုက်ရိုက်သဘောမျိုး မဟုတ်တဲ့စိတ်။ ဦးတည်ရာလမ်းကြောင်းနဲ့ တည့်တည့်မတ်မတ် မဟုတ်ဘဲ ဆန့်ကျင်သလိုလို၊ လက်မခံသလိုလို၊ ရည်ရွယ်ချက် မသေချာသလိုလို၊ ဝေ့၀ိုက်ပြီး ဝေ့လည်လည်နဲ့ ဝေ့လည်ကြောင်ပတ်ဖြစ်နေတဲ့ စိတ်အမျိုးအစား။

Next Chapter »