သိမ်ငယ်သောစိတ်
- မိမိကိုယ်မိမိ ယုံကြည်စိတ်ချခြင်း မရှိတဲ့သူ၊ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ အားငယ်နေတတ်တဲ့သူ၊ လူတွေများလာရင် ဘယ်နေရာမှာသွားနေရမှန်း မသိတော့ဘဲ လှုပ်လှုပ်ရှားရှားဖြစ်ပြီး မျက်နှာငယ်နေတတ်တဲ့ စိတ်အမျိုးအစား။
သိမ်ဖျင်းသောစိတ်
- အဆင့်အတန်းမရှိတဲ့၊ အဆင့်နိမ့်တဲ့၊ အောက်တန်းကျတဲ့၊ အပြောအဆို အနေအထိုင် လှုပ်ရှားမှုတွေဖြစ်နေတဲ့ စိတ်ပုံစံ။
သိမ်မွေ့သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သိမ့်သိမ့်တုန်နေသောစိတ်
- မိမိမျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်နေတဲ့ အောင်မြင်မှုကို ရရှိမှန်း သိလိုက်တဲ့ အချိန်ကစပြီး အချိန်တော်တော် ကြာတဲ့အထိ ဖြစ်နေတဲ့ စိတ်အနေအထား။
သိမ်းပိုက်ချင်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သိမ်းကျုံးယူနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သိမ်းသွင်းနေသောစိတ်
- မိမိဘက်ပါလာအောင် နည်းမျိုးစုံ သုံးနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။
သုံးဖြုန်းလွန်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သုံးသပ်တတ်သောစိတ်
- လက်ရှိရောက်နေတဲ့ အခြေအနေ၊ ရရှိထားတဲ့အဖြေ၊ ကိုယ်တိုင်ဆုံးဖြတ်ရတော့မယ့် အနေအထားစတဲ့ ဘ၀နဲ့ချီပြီး သက်ဆိုင်တဲ့ ကိစ္စတစ်ခုမှာ သင့်၏၊ မသင့်၏၊ လုပ်သင့်၊ မလုပ်သင့်၊ လက်ခံသင့်၊ လက်မခံသင့် ဆုံးဖြတ်ချက်ချခါနီး ထောင့်ပေါင်းစုံမှ လှည့်ပတ် တွေးတော ဆင်ခြင် စဉ်းစားနေတဲ့ စိတ်အမျိုးအစား။
သွေဖည်နေသောစိတ်
- လက်ရှိအချိန်မှာ အများရဲ့ဆန္ဒနဲ့ မိမိရဲ့သဘောထား ကိုက်ညီခြင်း မရှိတဲ့အပြင် အများဆန္ဒအတိုင်း လက်ခံသဘောတူဖို့ ကလည်း မိမိစိတ်အသိက မလိုက်လျောနိုင်ပဲ ဖြစ်နေတဲ့ စိတ်အနေအထား။
သွေးကောင်းသောစိတ်
- တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်ရမယ့်အချိန်မျိုးမှာ “သွေးကြောင်တဲ့သူတွေ၊ သွေးပျော့တဲ့သူတွေပါနေလား” လို့များ မေးခွန်းထုတ်ပြီး သူရဲကောင်း ရွေးချယ်လို့ကတော့ “အသက်ကိုပါ စတေးထားတယ်ဟေ့” လို့ ပြန်ပြောဖို့ အဆင်သင့် ဖြစ်နေတဲ့ စိတ်အဆင့်။
သွေးကြီးသောစိတ်
- မာနကြီးသော အဓိပ္ပာယ်မျိုး ပါဝင်နေသလို၊ လူလူချင်း မတူသလို မတန်သလို သဘောထားတဲ့ အဓိပ္ပာယ်လည်း ပါဝင်နေတဲ့ စိတ်အနေအထား။
သွေးကွဲနေသောစိတ်
- အယူအဆတစ်ခုနဲ့ ပတ်သက်ပြီး ညှိနှိုင်းရင်း၊ ဆွေးနွေးရင်း၊ သဘောထားချင်း မကိုက်ညီတဲ့ အနေအထားမျိုး ရောက်သွားတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွတ်မှု မရှိတော့တဲ့ စိတ်အဆင့်။
သွေးကြွနေသောစိတ်
- လုပ်ချင်ကိုင်ချင်နေပြီ။ ရှိသမျှအစွမ်းတွေ အကုန်ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပြီ။ သွေးတွေက ပူပြီးဆူနေပြီ။ လုပ်တော့ ဟေ့! ဆိုတဲ့ အသံကို စောင့်နေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်။
သွေးချင်းသားချင်းလို သဘောထားသောစိတ်
- တစ်မြေတည်းနေ၊ တစ်ရေတည်းအတူသောက်၊ မိမိနိုင်ငံသူ၊ နိုင်ငံသားချင်း သွေးသားအရင်းအချာ၊ ညီအစ်ကို မောင်နှမလို သွေးစည်း ညီညွတ်နေတဲ့ စိတ်အမျိုးအစား။
သွေးဆိုးသောစိတ်
- ဒီကောင်က အရက်ဝင်သွားရင် မရတော့ဘူး။ ရမ်းတယ်။ သွေးဆိုးတယ်လို့ အပြောခံရတဲ့ စိတ်အနေအထားမျိုးဆီ ပြောင်းရွှေ့သွားတတ်တဲ့ စိတ်အမျိုးအစား။