ထိုသို့ ကြောက်သောစိတ်သည် ခုနစ်ကြိမ် ဆက်ကာ ဖြစ်သည်။

(ဤသို့ ခုနစ်ကြိမ်ဆက်ကာဖြစ်သော စိတ်သည် အာရုံကို အရသာခံစားသောစိတ် (သို့မဟုတ်) (၉) (၁၀) (၁၁) (၁၂) (၁၃) (၁၄) (၁၅) ခုနစ်ကြိမ်ဖြစ်သည်။)

ထို့နောက် ကြောက်ခြင်း (သို့မဟုတ်) ၀မ်းနည်းခြင်း ဖြစ်သည့် ဇောအရှိန် မကုန်သေးဘဲ နောက်မှလိုက်ပါ၍ ခံစားသောစိတ် (သို့မဟုတ်) (၁၆) (၁၇) တဒါရုံ နှစ်ကြိမ်ဖြစ်ပေါ်သည်။

ဤတဒါရုံဆိုသည်မှာ အာရုံကို အရသာခံစားသောစိတ် (ဇော) ၏ အရှိန်မကုန်သေးသောကြောင့် နောက်လိုက်အဖြစ် ပါလာနေသေးသောစိတ် (တဒါရုံ)။ ထိုအရှိန်မကုန်သေးသောကြောင့် နောက်လိုက်အဖြစ် ခံစားသော (တဒါရုံ) စိတ်နှစ်ကြိမ် ဖြစ်ပြီးနောက် မူလဘ၀င်စိတ် ပြန်၍ဖြစ်၏။

အထက်ပါ ၁၇ချက်သည် ၀ီထိတစ်ခု (၀ါ) စိတ်၏ ဖြစ်လေ့ရှိသော ဖြစ်စဉ်လမ်းကြောင်း တစ်ခုပင်ဖြစ်လေသည်။

အကယ်၍ အတွင်းမှလာသော အာရုံဖြစ်ပါက ဘ၀င်ပြတ်ပြီး မနောဒွါရ၀ဇ္ဇန်း စိတ်အဆင့်မှစ၍ စိတ်ဖြစ်စဉ် ၀ီထိလမ်းကြောင်းသည် ဆက်၍ ဖြစ်ပေါ်သည်။

ဝီထိစိတ်သည် ဖော်ပြပါလမ်းအဆင့်များအတိုင်း အာရုံတစ်ခုအပေါ်၌ အထပ်ထပ် ဖြစ်ပေါ်၏။ ၀ီထိကျမှု (၀ါ) စိတ်၏သိမှု ဖြစ်စဉ်ကို အထက်ပါကဲ့သို့ အဆင့်များဖြင့် ဖော်ပြထားရသော်လည်း (တကယ့်ဖြစ်စဉ်၌မူ စိတ်ဖြစ်စဉ် မြန်လွန်း၍ ထိုအဆင့်များကို ဖြတ်ကျော်နေရကြောင်း ကျွန်ုပ်တို့ ဉာဏ်မျှဖြင့် သိမြင်နိုင်သည် မဟုတ်ချေ။)

စိတ်၏ ဖြစ်ပေါ်သွားမှုအစဉ်သည် တစ်စက္ကန့်လျှင် (၁၈၆၀၀၀) မိုင်နှုန်းခန့်သွားသော အလင်းရောင်၏ သွားနှုန်းထက်ပင် လျင်မြန်သောကြောင့် ထိုဝီထိအစဉ်တစ်ခု၏ ဖြစ်စဉ်သည် မည်မျှလျင်မြန်သည်ကို ခန့်မှန်းနိုင်လေသည်။

ဒါကတော့ စိတ်ရဲ့ဖြစ်ပေါ်မှု ဖြစ်စဉ်လမ်းကြောင်း သီအိုရီတစ်ခုပါပဲ။