ပေါက်လွှတ်ပဲစားစိတ်
- မမြင်ရတဲ့စိတ်ကို တန်ဖိုးရှိအောင် အသုံးချတတ်ရင် အသိဉာဏ်ပညာလို့ အဆင့်မြင့်စိတ်တစ်ခုအနေနဲ့ သတ်မှတ်ကြတယ်။ အထိန်းအချုပ် မရှိဘဲ ပစ်စလက်ခတ် လွင့်ချင်ရာလွင့်ပြီး ပရမ်းပတာဖြစ်နေရင် ပေါက်လွှတ်ပဲစား စိတ်အဆင့်လို့ မမြင်ရတဲ့စိတ်ကိုပဲ သတ်မှတ်ကြပြန်တယ်။ (စိတ်တော့စိတ်ပဲ မမြင်ရတဲ့ စိတ်ချင်းအတူတူ ခေါင်းစဉ်ရော၊ တန်ဖိုးရော၊ ကွဲပြားခြားနားသွားတာဟာ ထိန်းချုပ်နိုင်တဲ့ အသိဉာဏ် ပညာချင်း မတူကြလို့ပဲ။)
ပိုက်ဆံမရှိ ကတိမတည်စိတ်
- ဘယ်သူပဲဖြစ်ဖြစ်၊ ပိုက်ဆံမရှိရင် ကတိမတည်တော့ဘူးတဲ့။ မဟုတ်သေးပါဘူး။ ဒီအယူအဆကို ပြင်လိုက်ကြရအောင်။ ပိုက်ဆံမရှိချင်ရင်နေ ကတိပေးပြီးရင် ဘာ့ကြောင့်ပဲဖြစ်ဖြစ် မဖျက်ဘူး။ မင်းမှာသစ္စာ လူမှာကတိတဲ့။ ကတိတစ်လုံးနဲ့ လူအဖြစ် ရပ်တည်နေရတဲ့ ဂုဏ်သိက္ခာလေးကို ကတိမတည်တာနဲ့ လူလို့ခေါ်ဖို့ ခက်သွားတဲ့သဘောမျိုး ဖြစ်စေရတော့မှာလား! ကဲ ဒီခေါင်းစဉ်နဲ့စိတ်ကို ဖယ်ရှား လွှင့်ပစ်လိုက်ကြစို့။
ပုဂ္ဂိုလ်စွဲစိတ်
- ငါ့လူမှငါ့လူ၊ ငါ့အဖွဲ့အစည်းမှ ငါ့အဖွဲ့အစည်း၊ ငါ ငါ ငါ ငါ ငါစွဲအုပ်စုဝင် စိတ်အမျိုးအစား။
ပင်ကိုမူလစိတ်
- လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတဲ့အချိန်မှာ ခန္ဓာကိုယ်နဲ့ အတူပါလာတဲ့ နဂိုမူလစိတ်အနေအထား။
ပင်ပန်းနွမ်းနယ်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ပေါင်းစည်းညီညွတ်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ပေါင်းစည်းညှိနှိုင်းစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ပိုင်စိုးပိုင်နင်းစိတ်
- အနိုင်ကျင့်တဲ့စိတ်ကို အသုံးချပါ များလာတဲ့အခါမှာ အရာရာဟာ ငါ့သဘောပဲဖြစ်စေရမယ်လို့ အထင်ရောက်သွားတဲ့ စိတ်အဆင့်။
ပိုင်ရှင်စိတ်
- ဒီအိမ်၊ ဒီကား၊ ဒီအရာဝတ္ထုပစ္စည်းတွေ အားလုံးရဲ့ ပိုင်ရှင်ဟာ ငါပဲ။ ငါ့ခေါင်း၊ ငါ့ဦးနှောက်၊ ငါ့လက်၊ ငါ့ခြေ၊ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဟာ ငါပဲ။ ငါ ငါ ငါ ငါ ငါစွဲ စွဲနေတဲ့ပိုင်ရှင်စိတ်။