မြတ်စွာဘုရား ဆက်လက်ပြီး ဟောကြားရာမှာ‘ ကာလာမမင်းတို့ ဤတရားတို့ကား အကုသိုလ်တရားတို့တည်း။ အပြစ်ရှိသော တရားတို့တည်း။ ပညာရှိများ ကဲ့ရဲ့အပ်သောတရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ်၊ ဆောက်တည် အပ်ကုန်သော အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာဖြစ်၏ ဟူ၍ သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိသောအခါ ထိုတရားတို့ကို ပယ်စွန့်ကုန်ရာ၏။

ဤတရားတို့ကား အကုသိုလ်တရားတို့တည်း။ အပြစ်မရှိသောတရားတို့တည်း။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ်၊ ဆောက်တည်အပ်ကုန်သော အစီးအပွား ဖြစ်ထွန်းခြင်း၊ ချမ်းသာခြင်းငှာဖြစ်၏ ဟူ၍ သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိသောအခါ ထိုတရားတို့ကို လက်ခံ ကျင့်ဆောင်ကုန်ရာ၏။’

(အဂုင်္တ္တရနိကာယ် တိကနိပါတ် ကေသမုတ္တိသုတ်)

“အသင် ဖတ်ခဲ့ပြီးသမျှ အားလုံးကို မယုံပါနဲ့

ကိုယ်တိုင် လက်တွေ့ သိကျင့်ကြည့်ပါ။”

Next Chapter »