ဂဃနဏ သိချင်သောစိတ်
- ဘာအလုပ်ပဲလုပ်လုပ် လူနဲ့လွတ်တဲ့ အလုပ်ဆိုတာ မရှိဘူး။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ စိတ်နဲ့လွတ်တဲ့ လူဆိုတာမရှိဘူး။ လူဖြစ်ခွင့်ရပြီး အသက်ရှင်နေကြရတဲ့ လူသားတွေဟာလည်း မိမိရဲ့ခန္ဓာကိုယ်အကြောင်း၊ စိတ် စေတသိက်တွေအကြောင်း၊ အတိအကျ၊ အသေအချာ၊ အကျယ်တ၀င့် သိသင့်တယ်။
ဂနာမငြိမ်သောစိတ်
- အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်မှန်သမျှကို လက်ခံပြီး ခံစားနေတဲ့သူဟာ လက်ရှိခံစားနေတဲ့ စိတ်အရှိန်က မကုန်သေးခင် နောက်ထပ်ရောက်လာတဲ့ စိတ်တစ်ခုရဲ့ ပြဿနာကို ဖြေရှင်းဖို့ နေရာကွက်လပ်မရှိရင် ရှေ့စိတ်ကလည်း မထွက်၊ နောက်စိတ်ကလည်း ဇွတ်တိုးဝင်ပြီး ရှုပ်ယှက်ခတ်ကုန်တဲ့ စိတ်အနေအထား။