သြဇာပေးချင်တဲ့စိတ်
- အရည်အချင်း ရှိတာကနည်းနည်း၊ အခွင့်အရေးယူပြီး ဆရာလုပ်ချင်တာက ပိုများနေတဲ့ စိတ်အနေအထား။
သြ၀ါဒခံယူသောစိတ်
- လေးစားကြည်ညို၊ ရိုသေယုံကြည်ထားတဲ့ တစ်စုံတစ်ယောက်ရဲ့ ပြောသမျှစကားတွေဟာ မိမိကိုကောင်းစေချင်လို့ ဆုံးမနေတာပဲလို့ ယုံကြည်လက်ခံနေတဲ့ စိတ်အမျိုးအစား။
အော့ကြောလန်စိတ်
- လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ မိသားစုအရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ အရေးတွေမှာ ဘယ်သူ့မျက်နှာမှမထောက်ဘဲ မုန်းတီးရွံရှာစရာ၊ ရှက်စရာကောင်းလောက်အောင် အပြစ်ကျူးလွန်သူကို ဘေးပတ်ဝန်းကျင်က သတ်မှတ်လိုက်တဲ့ အော့နှလုံးနာစိတ်။
အော်ကြီးဟစ်ကျယ်ဖြစ်နေသောစိတ်
- လူ့ယဉ်ကျေးမှု စည်းကမ်းတွေနဲ့အညီ လိုက်နာ ပြောဆိုနေထိုင်ခြင်း မရှိသေးတဲ့သူတွေ စကားပြောတဲ့အခါမှာ စိတ်တိုင်းကျ အားရပါးရ ဖြစ်တယ်လို့ ယူဆထားတဲ့ အော်ကြီးဟစ်ကျယ်စိတ်။
အော်ဂလီဆန်သောစိတ်
- စားစရာတစ်ခုကို အမှတ်တမဲ့ စားမိပြီး မျှော်လင့်ထားတဲ့ အရသာမဟုတ်မှန်း သိတဲ့အခါမှာ အန်ချင်သလို၊ ရွံသလို ဖြစ်သွားတဲ့ စိတ်ပုံစံ။ တစ်စုံတစ်ယောက်ရဲ့ အဆင့်နိမ့်၊ အောက်တန်းကျတဲ့ အပြုအမူ အပြောအဆိုကို မထင်မှတ်ဘဲ မြင်လိုက်ရတဲ့အခါမျိုးမှာ မုန်းတီးသလို၊ ရွံရှာသလို ဖြစ်သွားတဲ့ စိတ်အနေအထား။
အံကိုက်ဖြစ်သောစိတ်
- အချိန်ကာလ ကြာမြင့်စွာ စောင့်နေခဲ့ရတဲ့ ဖြစ်ချင်နေမှုတစ်ခုကို ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ခွင့်ရသွားတဲ့အချိန်မှာ အံဝင်ဂွင်ကျ ဖြစ်သွားတဲ့စိတ်။
အံကြိတ်ငုံ့ခံနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အံချော်သွားသောစိတ်
- ဖြစ်ချင်တဲ့အတိုင်း ဖြစ်မယ်လို့ ယူဆ ယုံကြည်ထားပေမယ့် တကယ့်လက်တွေ့မှာ ဖြစ်ပေါ်လာတဲ့ အနေအထားက မျှော်လင့်ထားသလို မဟုတ်ဘဲ လုံးဝ လွဲချော်နေမှန်း သိသွားတဲ့စိတ်။
အံ့အားသင့်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အံ့သြစရာကောင်းသောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်ကြည့်ရင် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ၊ အလုပ်လုပ်နေကြတာတွေ၊ မမြင်ရတဲ့စိတ်တွေ အလုပ်လုပ်နေကြတာကို အံ့သြစရာအဖြစ် သိသွားလိမ့်မယ်။
အံ့သြတုန်လှုပ်သွားသောစိတ်
- အာရုံခြောက်ပါးရဲ့ ထိခတ်မှုတွေထဲက အံ့သြတုန်လှုပ်သွားစေတဲ့ စိတ်ခံစားမှုကို ဖြစ်သွားတဲ့အခါမှာ အဲဒီခံစားမှုနဲ့ ပတ်သက်ပြီး သတ်မှတ်လိုက်တဲ့ စိတ်နာမည်တစ်ခု။
အိုမင်းရင့်ရော်စိတ်
- လူသားတစ်ယောက်အနေနဲ့ အသက်ကြီးကြီး၊ ငယ်ငယ်၊ အတွေးအခေါ်၊ အမြော်အမြင် အိုဟောင်းပြီး နောက်ကျန်နေခဲ့တာမျိုး မဖြစ်ဖို့ပဲလိုတယ်။ အိုမင်းခြင်းရဲ့ အဓိပ္ပာယ်ထဲမှာ လန်းဆန်းတက်ကြွ၊ သွက်လက်၊ ထက်မြက်မှုတွေ လျော့နည်းလာခြင်း စိတ်အနေအထားပဲ။
(ဘယ်စိတ်နဲ့ အသက်ရှင်မလဲ?)
အိုးတိုးအတစိတ်
- ရိုးလွန်းအားကြီးတဲ့ စိတ်တွေ လွန်ကဲသွားတဲ့အခါမှာ အသွားတဲ့ စိတ်အဆင့်။
(အတယ်ဆိုတာ မလုပ်တတ်၊ မကိုင်တတ်တော့တဲ့ အဆင့်။)
အိုးတိုးအမ်းတမ်းစိတ်
- ရှက်ကိုးရှက်ကန်းနဲ့ ပြောဆို၊ လှုပ်ရှားမှုတွေကြောင့် ပတ်ဝန်းကျင်အတွက်ရော၊ မိမိအတွက်ပါ စိတ်ကို ကသိကအောက် ဖြစ်စေတဲ့ စိတ်အမျိုးအစား။