အားကိုးချင်နေသောစိတ်
- အားကိုးရာမဲ့နေတဲ့သူတွေဆီမှာ တစ်စုံတစ်ရာကို အားကိုးချင်တဲ့စိတ်က ရှိနေမှာပဲ။
အားကောင်းမောင်းသန်စိတ်
- စည်းကမ်းနဲ့အညီ စနစ်တကျ ပြုစုပျိုးထောင်ထားတဲ့ စိတ်အနေအထားတွေဟာ အချိန်နဲ့ တစ်ပြေးညီ အားရစရာ ကောင်းလောက်အောင် ထက်သန်တက်ကြွ ခိုင်မြဲမာကျောနေမှာပဲ။
အားကျမခံစိတ်
- လူချင်းအတူတူ သူတောင်လုပ်နိုင်သေးတာပဲ။ သူလုပ်နိုင်တာ ဘာ့ကြောင့်လဲ? ဘာအရည်အချင်းတွေကြောင့် လုပ်နိုင်တာလဲ?
စတဲ့ အခြေခံကျတဲ့ အကြောင်းအရာတွေကို ရှာဖွေစုဆောင်းတယ်။ အကြံတူရင် နောက်လူက သာရမယ်ဆိုတဲ့ စိတ်ကို ထားကြည့်တယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်းစိတ်နဲ့ ငါရော ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်မျိုးပေါ်လာရင် အဲဒါ အားကျမခံတဲ့စိတ်ပဲ။
အားကြိုးမာန်တက်ဖြစ်နေသောစိတ်
- ဖြစ်ချင်လွန်းလို့ ဖြစ်ခွင့်ရမယ့် အခွင့်အရေးနဲ့ အချိန်အခါကို စောင့်နေရင်း အဆင်သင့် ပြင်ဆင်ထားတဲ့သူရဲ့ အားတက်သရော ဖြစ်နေတဲ့ စိတ်အဆင့်။
အားငယ်တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အားတင်းထားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အားတုံ့အားနာစိတ်
- မလိုအပ်တဲ့နေရာမျိုးမှာ မလိုအပ်ဘဲ ဖြစ်နေတဲ့၊ အားနာတတ်တဲ့ စိတ်မျိုးဟာ ရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးနိုင်တဲ့ စိတ်အမျိုးအစားပါပဲ။
အားနွဲ့သောစိတ်
- စိတ်ခွန်အားနည်းပါးသူတွေရဲ့ စိတ်ပျော့ပျောင်းနေတဲ့စိတ်။
အားပေးသောစိတ်
- စိတ်ခွန်အား ကျဆင်းနေသူတွေကို အားပေးခြင်း၊ စိတ်အားရှိအောင် မြှောက်ပေးခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်းတွေ ပြုလုပ်ပေးတဲ့စိတ်။
အားပြိုင်နေသောစိတ်
- လုပ်မယ်၊ မလုပ်ဘူး။ လုပ်ချင်နေပြီကွာ၊ လုပ်လိုက်တော့မယ်။ နေဦး! ခဏလေး စောင့်ကြည့်လိုက်ဦး . . . . . စသဖြင့် မိမိစိတ်နဲ့ မိမိစိတ်၊ စိတ်ချင်း စိတ်ချင်း လွန်ဆွဲနေတဲ့ စိတ်ပုံစံ။
(ဒီအချိန်မှာ လှုံ့ဆော်တိုက်တွန်းစိတ်က မြှောက်ပေးဖို့ အဆင်သင့်စောင့်နေပြီ။ လုပ်ချင်လို့ လုပ်ရင်လည်း လုပ်ဖြစ်သွားအောင် လုပ်တော့လို့ တိုက်တွန်းမှာပဲ။ မလုပ်ချင်လို့ မလုပ်တော့ဘူးဆိုရင်လည်း မလုပ်ဖြစ်အောင် လှုံ့ဆော်မှာပဲ။ အားပြိုင်တဲ့စိတ်တွေ စိတ်ထဲမှာ ဖြစ်နေရင် မှန်တဲ့စိတ်ကို ရွေးချယ်နိုင်ဖို့လိုတယ်။)
အားမလို အားမရဖြစ်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အားယူနေသောစိတ်
- ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကြီးတစ်ခုလုပ်ဖို့ အရှိန်ရအောင် အားယူနေတဲ့ စိတ်ဆိုရင်တော့ အားပေးပါတယ်။
(ဒါပေမယ့် အားယူနေတဲ့အချိန်က လိုတာထက် ပိုပြီး ကြာသွားရင်တော့ “ခတ်ကွင်းပြင်နေတာနဲ့ ရွာသစ်ကြီး မရောက်တော့ဘူး” ဆိုတဲ့ စကားပုံလို ဘာမှမလုပ်ဖြစ်သေးဘဲ အားယူတဲ့အချိန်က များနေတာမျိုး မဖြစ်စေချင်ဘူး။)