အရေးကြီးသွေးနီးသောစိတ်
- အများအတွက် ကိုယ်ကျိုးစွန့်ရမယ့် အခက်အခဲတစ်ခုကို အရေးတကြီး စုပေါင်းပြီး တိုက်ပွဲဝင်ကြတော့မယ်ဆိုရင် တစ်ယောက်အားနဲ့ ယူသော်မရ၊ အများအားနဲ့ ယူသော်ရ၏ဆိုတဲ့ စကားအဓိပ္ပာယ်အတိုင်း အုပ်စုဝင်အားလုံးက စိတ်တူကိုယ်တူ ဖြစ်နေကြပြီ။ အုပ်စုဝင်တွေရဲ့ သွေးတွေကို ဖောက်ကြည့်လိုက်။ တစ်အူထုံ့ဆင်း မောင်နှမအရင်းတွေရဲ့ သွေးအတိုင်း နီးရုံမကဘူး တစ်ခုတည်းဖြစ်နေတယ်။
အရဲစွန့်သောစိတ်
- ဘ၀အတွက် တိုးတက်ကြီးကျယ်တဲ့ အပြောင်းအလဲတစ်ခုကို လုပ်ဖို့ အခွင့်အရေးတစ်ခု ရလိုက်တဲ့အချိန်မှာ ရှိကို ရှိပေးရမယ့် စိတ်အဆင့်ပဲ။ (သေရင်တော့ သင်္ချိုင်းသာပို့လိုက်။ ရှင်လို့ကတော့ ရွှေထီးဆောင်းပြီး ရွာရိုးကိုးပေါက်အနှံ့ကို လှည့်ပစ်လိုက်မယ်။)
အရောရောအနှောနှော ဖြစ်နေသောစိတ်
- အမှန်က တစ်ခုစီ။ စိတ်ဆိုတဲ့ သဘာဝသဘောတရားကိုက တစ်ခုပြီးမှ တစ်ခု။ ရောနှောနေတာ ရှိကိုမရှိဘူး။ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ (ကာယကံရှင်က စိတ်သဘာဝကို မသိလို့ ရောနေတယ်လို့ထင်တာ။) စိတ်ရဲ့သဘာဝက အာရုံခြောက်ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်)ကြောင့် စိတ်ချင်း စိတ်ချင်း လာထိတယ်။ (တစ်ကြိမ်မှာ တစ်ခုတည်းထိတာ။) ထိတဲ့အထိကို ခံစားလိုက်တာ ခံစားလို့ အဆုံးမသတ်ခင် နောက်ထပ်ဝင်လာတဲ့ အာရုံတစ်ခုကို လက်ခံမိသွားပြန်တယ်။ နောက်ဝင်လာတဲ့ စိတ်ကိုလည်း ဘာလဲဟ! လို့စူးစမ်းနေတုန်း နောက်ထပ်စိတ်တစ်ခု ၀င်လာပြန်တယ်။ ၀င်လာသမျှ စိတ်တွေကို စူးစမ်းတာရော၊ ခံစားတာရော၊ ရှုပ်ယှက်ခတ်နေတာကို ရောနေတယ်လို့ ထင်တာ။ အဲဒီလို ထင်တာကလည်း ၀င်လာတဲ့စိတ်တွေကို ခံစားတဲ့အရှိန် မကုန်သေးတာကို မသိတာရယ်၊ နောက်ထပ် ၀င်လာတဲ့ စိတ်တွေကို လက်ခံမိနေတာ မိမိကိုယ်တိုင် မသိမှုတွေကြောင့်ပဲ။
အရိုအသေပေးသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အရိုအသေပြုသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အရိုးကျေကျေအရေခန်းခန်းစိတ်
- အလုပ်တစ်ခု မပြီးမချင်း သေချင်သေပါစေ၊ အကောင်းဆုံး ဖြစ်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချထားတဲ့စိတ်။
အရိုးစွဲနေသောစိတ်
အရင်းအမြစ်ခိုင်မာသောစိတ်
- အသိနဲ့သတိစိတ်ကို အညီအမျှ အခြေခံပြီး စိတ်လေ့ကျင့်ခန်းအလုပ်တွေ တည်ဆောက်ရင်း သိမှတ်မှုအား ပိုကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလစတည်းက စိတ်ကိုစိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ သဘာဝအခြေခံစွမ်းအား ခိုင်မာနေတဲ့ အသိနဲ့သတိ စိတ်ကြောင့်ပဲ။
အရောင်ဆိုးခံနေရသောစိတ်
- လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အသုံးချခံနေရတဲ့သူတွေ၊ လူကုန်ကူးခံရတဲ့သူတွေဟာ သူများစိတ်နဲ့ အသက်ရှင်နေကြရတဲ့ ဘ၀ကို ရောက်နေကြတာပဲ။