အထွတ်အထိပ်ရောက်သွားသောစိတ်
- သိစရာမှန်သမျှအကုန်လုံးကို ဆရာမပါ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တော်တိုင် ထိုးထွင်း၍ အကြွင်းအကျန်မရှိ သိတော်မူတဲ့ မြတ်စွာဘုရားရဲ့ အသိဉာဏ်တော်ဟာ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့မှာ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။
အထွတ်အမြတ်ထားသောစိတ်
- မြတ်စွာဘုရားရဲ့ ကျင့်ကြံအားထုတ်နိုင်တဲ့ စွမ်းအားနဲ့ သတ္တ၀ါတွေအပေါ်မှာထားရှိတဲ့ စိတ်တွေကို သိခွင့်ရတဲ့အခါမှာ အံ့သြသွားတဲ့ စိတ်ထက် အဆပေါင်းများစွာ ယှဉ်ပြောစရာ စကားလုံး မရှိတော့တဲ့အထိ အံ့သြသွားတယ်။ ကျင့်နိုင်လွန်းတဲ့ ဘုရားရဲ့ စိတ်တော်ကို အမြင့်မြတ်ဆုံး နေရာမှာထားပြီး အမြင့်မြတ်ဆုံး စင်ကြယ်စိတ်နဲ့ ကြည်ညိုလွန်းစွာ အာရုံပြုပြီး ဦးညွှတ်ကန်တော့နေတဲ့ စိတ်အဆင့်။
အဓိကအကျဆုံးစိတ်
- မိမိရဲ့ခန္ဓာကိုယ်အကြောင်း မိမိသိပါ။ မိမိရဲ့ စိတ်အကြောင်း မိမိသိပါ။ ပြီးမှ ဘာဖြစ်ချင်နေတာလဲ? ဖြစ်အောင် ဘယ်လိုလုပ်ရင်ရမလဲ? ဆက်ပြီး သိကြည့်ပါ။
အဓိကရုဏ်းဖြစ်နေသောစိတ်
- စိတ်ထဲမှာ အသိနဲ့ သတိမရှိလို့ ဆူပူသောင်းကျန်းနေတဲ့ စိတ်အခြေအနေ။
အဓိဋ္ဌာန်ဝင်သောစိတ်
- ဘယ်နေ့အထိ ဘယ်အရာကို ငါစွန့်လွှတ်မယ်။ ဘယ်နေ့အထိ ဘယ်အရာကို ဖြစ်အောင်လုပ်မယ်၊ စသဖြင့် မိမိလုပ်ချင်တဲ့အလုပ်ကို လုပ်ဖြစ်အောင် မိမိအသိဉာဏ်နဲ့ ကတိတစ်ခု ချည်နှောင်ပြီး ဖြစ်အောင်လုပ်တော့မယ့် ဆုံးဖြတ်ချက် အကြီးစားစိတ်မျိုး။
အဓိပ္ပာယ်မဲ့သောစိတ်
- လူ့အသိုင်းအ၀ိုင်းနဲ့ အံဝင်ဂွင်ကျ မဖြစ်တဲ့အလုပ်ကို လုပ်မိနေတယ်ဆိုရင်၊ လူအများစုက ဝေဖန်ရှုတ်ချတဲ့ စိတ်အမျိုးအစား။ (ဥပမာ - ညစ်ပတ်နေတဲ့ ရေကန်ကြီးတစ်ခုထဲက ရေတွေကို အသစ်လဲဖို့ကိစ္စမှာ ရေချိုးတဲ့ ရေခွက်နဲ့ခပ်ပြီး သွန်ပစ်နေတဲ့ စိတ်အစီအစဉ်။)
အဓိပ္ပာယ်ရှိသောစိတ်
- ကိုယ်ကျိုးမပါဘဲ အများအကျိုးအတွက် အားသွန်ခွန်စိုက် လှုပ်ရှားနေတဲ့ လူထုအကျိုးပြု အလုပ်တွေ လုပ်နေသူရဲ့ စိတ်အဓိပ္ပာယ်။
အဓိပ္ပာယ်ပေါက်သောစိတ်
- ဆိုလိုရင်း စကားအဓိပ္ပာယ်ကို သဘောပေါက် နားလည်သွားတဲ့ စိတ်အဆင့်။ လူနဲ့ လူတွေကြားထဲမှာနေပြီး လူလူချင်း ဆက်ဆံတဲ့နေရာမှာ အလိုအပ်ဆုံးနဲ့ အသုံးအ၀င်ဆုံး စိတ်အမျိုးအစားပဲ။
အဓမ္မခိုင်းသောစိတ်
- တစ်ဖက်သားရဲ့ အလိုတူသဘောဆန္ဒမပါဘဲ မိမိသဘောအတိုင်း တစ်ဖက်သားကို အနိုင်ကျင့်တဲ့ စိတ်အမျိုးအစား။
အဓမ္မသွေးဆောင်သောစိတ်
- အနိုင်ကျင့်လို့ ရနိုင်တဲ့သူကိုသာ ရွေးပြီး မိမိဖြစ်ချင်တာကို ဇွတ်အတင်း အင်အားသုံးပြီး စည်းရုံးနေတဲ့ စိတ်အမျိုးအစား။