အထောက်အကူဖြစ်သောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ အလုပ်လုပ်တဲ့နေရာမှာ အထောက်အကူရဖို့ သတိစိတ်ကို အကူအညီယူရတယ်။
(သတိဆိုတာ မမေ့မလျော့တဲ့ အမှတ်ရမှု စွမ်းအားကို အထောက်အကူပေးတယ်။) စိတ်ကိုတည်တံ့ခိုင်မြဲအောင် အထောက်အကူဖြစ်ဖို့ သမာဓိစိတ်ကို ထူထောင်တယ်။ (သမာဓိဆိုတာ အာရုံကို ယူတဲ့အခါမှာ အာရုံတစ်ခုတည်းကို အချိန်ကြာကြာ ထပ်ကာ ထပ်ကာ ယူနိုင်တဲ့သတ္တိစွမ်းအားကို အထောက်အကူပေးတယ်။)
အထောက်အထားခိုင်လုံသောစိတ်
- ကမ္ဘာကြီးထဲမှာ အသက်ရှင်ခွင့်ရနေကြတဲ့ လူသားအားလုံးဟာ တစ်နေ့ကျရင် သေကို သေရမယ်ဆိုတဲ့သဘောကို အထောက်အထား အခိုင်လုံဆုံးအဖြစ် လူသားတိုင်း လက်ခံပေးရတဲ့ စိတ်အသိ။ ယခုလို့ ပြောလိုက်တဲ့အချိန်မှာ ယခုဆိုတဲ့ အသံရော၊ ယခုဆိုတဲ့ အချိန်ရော၊ နှစ်ခုလုံး မရှိတော့ဘူး။ မရှိမှန်းသိတဲ့ စိတ်လည်း မရှိတော့ဘူး။ ဒီလိုချက်ချင်း ပြောင်းရွှေ့သွားတဲ့သဘောဟာ မတည်မြဲခြင်းဆိုတဲ့ စကားအတွက် အထောက်အထား ခိုင်လုံတဲ့ ဥပမာဆိုတာ လက်ခံလိုက်တဲ့ စိတ်အသိ။
အထင်ကရစိတ်
- ခန္ဓာကိုယ်ရှိလို့သာ ဒုက္ခရောက်နေကြရတယ်။ ခန္ဓာကိုယ်ကို မှီပြီး ဖြစ်ခွင့်ရတဲ့စိတ် စေတသိက်တွေကြောင့် ဒုက္ခတွေ ရောက်နေကြရတယ်။ ဒုက္ခအကြောင်းကို သိချင်ရင် မိမိရဲ့ခန္ဓာငါးပါးကို စောင့်ကြည့် သိမှတ်ကြည့်ပါဆိုတဲ့ တရားတော်တွေရဲ့ အဆုံးအမတွေဟာ ထင်ထင်ရှားရှား အထင်ကရဖြစ်နေလို့ ဒီအဆုံးအမကို လက်ခံလိုက်တဲ့အခါမှာ မိမိစိတ်ကလည်း အထင်ကရစိတ် ဖြစ်သွားတော့တယ်။
အထင်ကြီးခံချင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထင်ကြီးစရာကောင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထင်မှားနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထင်သေးနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထင်အရှားသိမြင်နေသောစိတ်
- မိမိစိတ်ကို မိမိစောင့်ကြည့်သိမှတ်နေရင် အရာရာဟာ ဖြစ်လိုက်တာနဲ့ ချက်ချင်း ပျက်သွားတဲ့သဘောကို ထင်ထင်ရှားရှား၊ ချက်ချင်း သိနေတဲ့စိတ်။ နောက်ထပ်အသစ် အသစ်ဖြစ်ပေါ်မှုတွေကလည်း အဆက်မပြတ် တစ်ခုပြီးတစ်ခု ဖြစ်နေကြတယ်။ ဖြစ်ပေါ်သမျှ အရာအားလုံးဟာ ခဏလေးအတွင်းမှာ မရှိတော့ဘူးနဲ့ အဆုံးသတ်နေတာကို ထင်ထင်ရှားရှား ဆက်တိုက်သိနေတဲ့စိတ်အသိ။
အထစ်အငေါ့ဖြစ်နေသောစိတ်
- လုပ်နေကျ မဟုတ်တဲ့ အလုပ်တစ်ခုကို စတင်လုပ်တဲ့အခါတွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်အနေအထား။ (လုပ်နေကျ ဆိုပေမယ့်လည်း အာရုံတစ်ခုတည်းအပေါ်မှာ စူးစိုက်ထားတဲ့ စိတ်စွမ်းအား လျော့နည်းသွားရင်လည်း ဖြစ်တတ်တဲ့ စိတ်အမျိုးအစား။)
အထည်ကြီးပျက်စိတ်
- အရင့် အရင်ကာလတွေတုန်းက ချမ်းချမ်းသာသာ နေထိုင်သွားလာ ပြောဆိုလှုပ်ရှားခဲ့တာတွေက အကျင့်ပါနေတော့ အကြောင်းအမျိုးမျိုးကြောင့် ချမ်းသာတဲ့အဆင့်ကနေ ရုတ်တရက် နိမ့်ကျသွားတဲ့အခါမှာ လူက မချမ်းသာတော့ပေမယ့် အသိစိတ်က ဆင်းရဲနွမ်းပါးတဲ့ အနေအထားမျိုး ပြောင်းရွှေ့လို့မရသေးတဲ့အချိန်မျိုးမှာ ဖြစ်နေတဲ့ သူဌေးရာထူးပြုတ်တွေရဲ့ စိတ်အဆင့်။
အထိတ်တလန့်ဖြစ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထိန်းအချုပ်မရှိသောစိတ်
- သတိယှဉ်တဲ့ သိမှတ်စိတ်နဲ့ အထပ်ထပ်အခါခါ စောင့်ကြည့်နေတာမျိုးမရှိရင် မမြင်ရတဲ့စိတ်ကို ထိန်းရခက်တယ်။ အထိန်းအကွပ် မရှိတဲ့စိတ်၊ အထိန်းအချုပ် မရှိတဲ့စိတ်တွေဟာ တည်ငြိမ်စုစည်းမှုမရှိဘဲ ပရမ်းပတာ ပျံ့လွင့်ဖောက်ပြန်နေမှာ သေချာတယ်။
အထွေထွေဗဟုသုတများသောစိတ်
- စိတ်နဲ့ စိတ်ကိုစောင့်ကြည့်တဲ့အလုပ်ကို အပီအပြင် အားထုတ်လို့ရအောင် စိတ်နဲ့ပတ်သက်တဲ့ အထွေထွေ ဗဟုသုတများတဲ့ စိတ်အဆင့်မျိုး မိမိမှာရှိနေရင် သိကြည့်ရတာ ပိုမြန်တယ်။ သိမှုတွေလည်း ပိုပြီး ထင်ရှားတယ်။