အထီးကျန်စိတ်
- အများအားဖြင့် အသက်အရွယ် အိုမင်းလာတဲ့သူတွေဆီမှာ ဖြစ်ပေါ်လာတဲ့ စိတ်အမျိုးအစားပါပဲ။ သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ရတဲ့အခါမျိုးမှာ တစ်မိသားစုလုံး သေကြေပြီး မိမိတစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့တဲ့ သူတွေဆီမှာ ဖြစ်နေတဲ့ စိတ်အမျိုးအစား။ အားပေးချင်တာက ဒီလိုတစ်ယောက်တည်း ဖြစ်နေမှုအပေါ်မှာ အားမငယ်ပါနဲ့၊ စိတ်မပျက်ပါနဲ့။ မွေးလာတုန်းက မိမိတစ်ယောက်တည်းဆိုတဲ့ သဘာဝကို ထိထိရောက်ရောက်၊ ထဲထဲဝင်ဝင် ပြန်ငဲ့ပြီး သိကြည့်လိုက်ရုံပါပဲ။ ဘာပဲလုပ်လုပ် ထမင်းစားတာ၊ ရေချိုးတာ၊ အိမ်သာတက်တာ၊ ကျောင်းတက်တာ၊ ပညာသင်တာ၊ အဲဒါတွေ အကုန်လုံး မိမိကိုယ်တိုင် တစ်ယောက်တည်းပဲ လုပ်လာခဲ့တာပါ။ ဘယ်သူမှလည်း လုပ်ပေးလို့မရပါဘူး။ ဘ၀ရပ်တည်ဖို့လည်း မိမိကိုယ်တိုင်ပဲ ချီတက်ခဲ့ရတာပါ။ တစ်ယောက်တည်းဆိုတဲ့ သဘာဝကိုသိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရင် တစ်ယောက်တည်း နေတတ်လာမှာပါ။ အိုမင်းသူတွေအတွက် သီးသန့် အားပေးချင်တာက တစ်ယောက်တည်း အထီးကျန်နေတဲ့ အခြေအနေမျိုးကို မလိုချင်ဘူး။ မိသားစုနဲ့ပဲ သိုက်သိုက်ဝန်းဝန်း နေချင်တာဟာ သံယောဇဉ်၊ သမုဒယ၊ တဏှာ၊ လောဘစတဲ့ စိတ်တွေရှိနေသေးလို့ပဲ။ အဲဒီစိတ်တွေဟာ ဒုက္ခဖြစ်စေတဲ့ စိတ်တွေဆိုတာ သိပြီး ဖယ်ထုတ်သင့်ပါတယ်။ ရအောင်ကြိုးစားပြီး ဖယ်ထုတ်သင့်ပါတယ်။ မိမိကသာ တစ်ယောက်တည်း အထီးကျန် မဖြစ်ချင်တာ၊ မိသားစု အသိုင်းအ၀ိုင်းက မိမိကို ဖယ်ထုတ်နေကြပါပြီ။ ဥပမာ - ပူမနေပါနဲ့တော့၊ စိတ်ချပါ။ ကိုယ့်ဟာကိုယ် သက်သက်သာသာ နေပါတော့ဆိုတဲ့ စကားတွေဟာ မိမိကို တစ်ယောက်တည်း နေဖို့ စီစဉ်ပေးနေတဲ့ စီရင်ချက်တွေပါပဲ။ မိမိအနေနဲ့ နေရာတကာ ၀င်ပါလို့ မရတော့တာသိပြီး တစ်ယောက်တည်း နေတတ်အောင် ကြိုးစားပြီးနေပါ။ အသက်ရှင်ခွင့် ရနေသေးတဲ့ လက်ကျန်အချိန်လေးမှာ သိစရာရှိတာတွေထဲက သိသင့်တာကို သိအောင်လုပ်ဖို့ တစ်ယောက်တည်း ဖြစ်နေခြင်းက အထောက်အကူ ဖြစ်နေတာ သိလာပါလိမ့်မယ်။
အထူးအဆန်းဖြစ်နေသောစိတ်
- အာရုံခြောက်ပါးကြောင့် စိတ်တစ်ခုက မိမိစိတ်ကို လာထိတဲ့အခါ၊ စိတ်ကိုမထိခင်က စိတ်အနေအထားကနေ လာထိတဲ့အချိန်မှာ ခံစားမှုတစ်ခု ရုတ်တရက်ပေါ်လာတယ်။ အဲဒီခံစားမှုကို အကောင်အထည်ဖော်ဖို့ လှုံ့ဆော်တိုက်တွန်းစိတ်က မြှောက်ပေးလိုက်တာနဲ့ ထိုင်နေရာကနေ ထသွားမိတဲ့ မိမိခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု၊ ခန္ဓာကိုယ် လှုပ်ရှားနေတဲ့ အချိန်မှာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့အလုပ် သူတို့လုပ်ကြတယ်။ မျက်စိက မြင်တဲ့ကိစ္စ တာဝန်ယူတယ်။ ပါးစပ်က မြင်သမျှတွေကို အသံအဖြစ်နဲ့ ထုတ်ပေးပြီး သီချင်းဆိုလိုက်တယ်။ သီချင်းဆိုတဲ့အခါမှာ လျှာက အဖိအဖော့ လုပ်ပေးတယ်။ လက်မောင်းကို ခြင်ကိုက်မှန်း သိလိုက်တာနဲ့ သီချင်းဆိုတာ ရပ်ပြီး လှမ်းရိုက်လိုက်တယ်။ မိမိခန္ဓာကိုယ်နဲ့ မမြင်ရတဲ့စိတ်တွေနဲ့ အဆက်အသွယ် ရှိနေတာတွေဟာ စောင့်ကြည့်နေရင် ထူးဆန်းနေတာချည်းပဲ။ အထူးအဆန်းသဘောအနေနဲ့ မသိကြည့်လို့သာ ဒီအဖြစ်အပျက်တွေဟာ မြင်နေကျ၊ ကြားနေကျ၊ လုပ်နေကျဆိုတဲ့ သာမန်အဆင့်ရောက်သွားခဲ့ရတာပဲ။ သေသေချာချာ သိချင်တဲ့စိတ်နဲ့ မိမိခန္ဓာကိုယ်နဲ့ မိမိစိတ်ကို သိကြည့်ကြည့်ပါ။
အထေ့အငေါ့လုပ်တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထက်စီးက ဆက်ဆံတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အထက်တန်းကျသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။