မေး - အမှန်က ဇာတ်လမ်းထဲက ဇာတ်ကောင်အတုရဲ့ ခန္ဓာကိုယ်၊ ခံစားတဲ့စိတ်၊ မှတ်သားတဲ့စိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်း ပြုလုပ်တဲ့ စိတ်တွေက

ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ မဟုတ်ဘူးလား?

အဲဒီလူအတု၊ စိတ်အတုကို ကိုယ်ကိုယ်တိုင် စွဲလမ်းသွားတာဟာ သတိမထားမိခဲ့တာလား?

ကိုယ်သိတယ်ဆိုတဲ့ သဘောတရားတွေကို ကိုယ့်ဟာကိုယ် မသိတာလား?

ဖြေ - သိကိုမသိခဲ့တာ။ ရဟန်းဘ၀ရောက်တော့မှ အသေးစိတ် လေ့လာအားထုတ်ဖြစ်လို့ သိသွားတာ။

ရုပ်ခန္ဓာကိုယ်ဆိုတာ လူအဖြစ်နဲ့ လူ့လောကထဲကို ရောက်လာတည်းက စိတ်လေးခု ပါလာတယ်။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုပါလာတယ်။ အလုပ်သဘောအရ စိတ်ကခိုင်းလို့ လုပ်တာကို

ငါ့ခန္ဓာကိုယ်၊ ငါ့မျက်လုံး၊ ငါ့အသံ၊ ငါ့လက်၊ ငါ့ခြေ၊ ငါ ငါ ငါ ငါဆိုပြီး ငါခေါင်းစဉ်တပ်ပြီး ခန္ဓာကိုယ်ကို စွဲလမ်းသွားတာ ကိုယ့်ဟာကိုယ် မသိဘူး။

ခံစားမှုဆိုင်ရာတွေမှာလည်း အာရုံခြောက်ပါးနဲ့ စိတ်နဲ့ စိတ်ချင်း ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ ထိတွေ့မှုအရသာကို

ကောင်းတဲ့ခံစားမှု၊

မကောင်းတဲ့ ခံစားမှု၊

ကောင်းတာလည်း မဟုတ်၊ မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုတွေကို

ကိုယ့်ဟာကိုယ် ဖန်တီးပြီး ကိုယ်ကိုယ်တိုင် ငါခေါင်းစဉ်တပ်ပြီး ငါခံစားနေတာ၊ ငါကြိုက်တာ၊ ငါမကြိုက်ဘူးလို့ အလုပ်သဘောအရ အတုတွေ

ဖန်တီးပြီး ငါအတုကိုပါ စွဲလမ်းတာ။

အာရုံအမျိုးမျိုးကို သဘာဝအရ မှတ်သားတဲ့စိတ်ကို အလုပ်သဘောအရ အလုပ်ထဲမှာ အတုအဖြစ် ဖန်တီးပြီး ငါ အတုကို စွဲလမ်းတာ။

ငါမှတ်တာ၊ ငါက မှတ်ဉာဏ်ကောင်းတယ်။ ငါက မမေ့တတ်ဘူးလို့ ငါခေါင်းစဉ်တပ်မိနေတာ။

သိစရာရှိတာကို သိပေးတဲ့ သဘာဝအသိတွေကို ငါသိတာလို့ ငါအတုကို အစွဲဖြစ်သွားတာ။

လှုံ့ဆော်တိုက်တွန်းတဲ့ စိတ်ကတော့ အလုပ်သဘောအရ အဓိက အသုံးချရတဲ့စိတ်ပဲ။

ကိုယ်ဖန်တီးတဲ့ ဇာတ်ကောင်အသိကို

ကိုယ်ဖန်တီးတဲ့ လှုံ့ဆော်တိုက်တွန်းစိတ်နဲ့ ဖြစ်မြောက်ပြီးစီးအောင် လုပ်မိနေတာကို ငါလှုံ့ဆော်တိုက်တွန်း ပြုလုပ်တာဆိုပြီး ထင်ခဲ့တာ။

သဘာဝအရ ဖြစ်နေတဲ့ ခဏလေးတွေကို အလုပ်သဘောအရ အတုအဖြစ် ဖန်တီးရင်း အတုကို စွဲလမ်းနေပါလားလို့ သဘောပေါက်ပြီး

အစစ်သဘောတရားကို သတိထားမိသွားတာ။

ငါမဟုတ်ဘူး။ ငါဆိုတာနဲ့ မပတ်သက်ဘူး။ မဆိုင်ဘူး။

ငါဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သွားပတ်သက်နေတာပဲလို့ သိသွားတာ။

အဲဒီ ငါခေါင်းစဉ်တပ်ပြီး ပတ်သက်နေတာ အဓိက တရားခံပဲဆိုတာ သိသွားတာ။