မေး - ဖြစ်ပြီးသားမှန်သမျှ မေ့လိုက်ဆိုတဲ့ သတိပေးချက်ဟာ ရက်စက်တယ်လို့ ပြောစရာ ဖြစ်သွားမလား?
ဖြေ - စေတနာသတိတွေ ပါနေပါတယ်။ ပြီးတော့ သဘာဝကို သတိရခိုင်းတာပါ။

ကုန်ဆုံးပျောက်ပျက်သွားတဲ့ အချိန်တွေထဲမှာ

မိမိမသိခဲ့တာတွေ၊

အကျိုးရှိရှိ မလုပ်ခဲ့မိတာတွေ၊

ငါ့ကွာ ညံ့လိုက်တာဆိုတဲ့ မိမိကိုယ်မိမိ မကျေနပ်ခဲ့တာတွေ၊

နောင်တတွေ၊

ဘာမှန်းမသိတဲ့ ကိစ္စတွေ အရေးတကြီး လုပ်ပြီး အချိန်တွေ ဖြုန်းခဲ့မိတာတွေ၊

ခုချိန်ကစပြီး ရပ်လိုက်ပါတော့။

ကဲ! ခုချိန်ကစပြီး အချိန်တွေကို ဘယ်လိုအသုံးချတော့မယ်ဆိုတာကို ချက်ချင်းဆုံးဖြတ်ပါ။

ဆုံးဖြတ်ပြီးရင်လည်း ချက်ချင်း အကောင်အထည်ဖော်လိုက်ပါ။

အချိန်မရှိတော့ဘူးနော်။

မေး - လူ့အသိုင်းအ၀ိုင်းထဲမှာ တစ်နှစ်တစ်ခါ မွေးနေ့ပွဲတွေ လုပ်လေ့လုပ်ထ ရှိကြတယ်။

ငါ့အသက် တစ်နှစ်ကြီးသွားပြီလို့လည်း အဲဒီမွေးနေ့ပွဲမှာ ၀န်ခံကြတယ်။

အဲဒီမွေးနေ့ပွဲနဲ့ အချိန်နဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မလဲ?

ဖြေ - ကုန်ဆုံးသွားတဲ့ တစ်နှစ်အချိန်ကို တွက်ကြည့်ရင်

တစ်ရက်မှာ (၂၄) နာရီရှိတယ်။

တစ်နာရီမှာ (၆၀) မိနစ်ဆိုတော့ = (၁၄၄၀) မိနစ်

တစ်မိနစ်မှာ (၆၀) စက္ကန့်ဆိုတော့ = (၈၆၄၀၀) စက္ကန့်

တစ်ရက်မှာ စက္ကန့်ပေါင်း (၈၆၄၀၀)

တစ်နှစ်မှာ = (၃၆၅) ရက်ဆိုတော့ = (၃၁၅၃၆၀၀၀) စက္ကန့်

ကုန်ဆုံးခဲ့တဲ့ တစ်နှစ်စာ စက္ကန့်ပေါင်း ၃၁ သန်း ၅ သိန်း ၃ သောင်း ၆ ထောင်မှာ

အမှားတွေလုပ်ဖို့ ကြံစည်တာ ဘယ်နှစ်စက္ကန့်၊

အမှားတွေလုပ်ဖြစ်နေတာ ဘယ်နှစ်စက္ကန့်၊

အမှန်တွေလုပ်ဖြစ်နေတာ ဘယ်နှစ်စက္ကန့်၊

ဘာမှမလုပ်ဘဲ အချိန်တွေ အဓိပ္ပာယ်မဲ့ ကုန်ဆုံးခဲ့တာ ဘယ်နှစ်စက္ကန့်၊

ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်တွေကို ပြန်တွေးကြည့်ရင် ဘယ်စိတ်ဖြစ်တဲ့ အကြိမ်က စက္ကန့်ပိုများနေလဲ?

မှားမှားမှန်မှန်၊ ကောင်းကောင်း၊ မကောင်းကောင်း

ကုန်ဆုံးခဲ့တဲ့ တစ်နှစ်စာ စက္ကန့်ပေါင်း ၃၁ သန်း ၅ သိန်း ၃ သောင်း ၆ထောင်ဆိုတဲ့ အချိန်တွေကိုတော့ ပြန်မရတော့ဘူး။

နောက်နှစ်မွေးနေ့အတွက် တစ်နှစ်စာ

စက္ကန့်ပေါင်း ၃၁ သန်း ၅ သိန်း ၃ သောင်း ၆ ထောင်ကိုရော ဘယ်လိုသုံးမလဲ?

ဘယ်လို ဖြုန်းပစ်ဦးမလဲ?